ချစ်သူဆီကရင်ခုံစရာ စာလေးတစ်စောင်
လမင်းရဲ့အလင်းရောင်
လမင်းရဲ့ အလင်းရောင်ဖိုရမ်
*****************

လာရောက်လည်ပတ်ကြသော သူငယ်ချင်းများ ကိုကြိုဆိုပါတယ်ခင်ဗျာ
လာရောက်လည်ပတ်သည့်အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ

ကျေးဇူးတင်လျှက်
ငြိမ်းချမ်းထူး+စန္ဒာ


ချစ်တတ်သူများဆုံစည်းရာအမှတ်တရဖိုရမ်
 
မူလစာမျက်နှာမူလစာမျက်နှာ  HomeHome  CalendarCalendar  FAQFAQ  SearchSearch  MemberlistMemberlist  RegisterRegister  Log inLog in  
လမင်းရဲ့ အလင်းရောင်ဖိုရမ်လာရောက်လာည်ပတ်ကြသောသူငယ်ချင်းအားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ သူငယ်ချင်းများအားလုံးကိုလဲ ဒီဖိုရမ်ကနေ အစီအစဉ်ကောင်းလေးတွေနဲ့တင်ဆက်ပေးပြီး၊ သူငယ်ချင်းအားလုံးလွတ်လပ်စွာရင်ဖွင့်နိုင်ရန် တည်ထောင်ထားပါသည်ခင်ဗျာ။ဖိုရမ်အတွင်းတွင်စာရေးသားသူများသည် အခြားဆိုဒ်တစ်ခုခုမှကူးယူပြီးမျှဝေလျှင် ထိုဆိုဒ်၏နာမည်ကို ရေးသားချက်အောက်တွင် ထည့်ပေးပါရန်

Share | 
 

 ချစ်သူဆီကရင်ခုံစရာ စာလေးတစ်စောင်

View previous topic View next topic Go down 
AuthorMessage
Admin
အုပ်ချုပ်ရေးမှူး
အုပ်ချုပ်ရေးမှူး


ရေးသားချက် ရေးသားချက် : 46
ဖိုရမ်သို့ ဝင်ရောက်သည့်နေ့စွဲ : 2011-01-11
အသက် : 25
နေရပ်လိပ်စာ : Yangon

PostSubject: ချစ်သူဆီကရင်ခုံစရာ စာလေးတစ်စောင်   Fri Feb 04, 2011 4:38 pm

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ
ချင်းမလေးဆီက စာကိုရတော့
ဝမ်းသားအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့ ။ စာထဲမှာပါတဲ့
စာလုံးပေါင်းသတ်ပုံအမှားတွေ ၊
စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊
ငိုရမလိုဖြစ်သွားလေရဲ့ ။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့
သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း
ပြန်ထည့်ပေးလိုက်တော့တယ် ။

သို့

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က
ခေါင်းပြတ်နေလို့လား) ။ ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို
ခေါင်းကြားညှပ်တာ..) မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ
ဘာအကောင်ကြီး ဖြစ်မှန်းမသိ) မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ) ။
မီးအရင်လိုခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ) ။ ကိုယ်လုံးလဲ
မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့
နိုင်ငံခြားတောင်သွားမလားလို့) ။ မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!) ။ မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ) ။ ကိုယ်လုံးမပါဘဲ
မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး )
။ မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက
ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း) ။ ကျားပေါက်တွေ
ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်) ။ ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား
လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့ ( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်) ။ တို့ရွာက
သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ.) မျိုကြီးဆိုတဲ့
အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
(အော်..အသံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်! ) ။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ) ။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို
အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ
လို့ပေးမတဲ့ ။
(ဖိုးအင်္ဂါလုပ်ပါဟ ။ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား ။ တကတဲ.
ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်) ။ မီးတို့လည်း အဲလို
ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်..မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်) ။ မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)
..ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ ။ မျိုသူတွေနဲ့ တွေ့ပီး
တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က
ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး) ။ ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့) ။
မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလို(spelling)ဆိုပြီး မှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး..
ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'(

******************
ကျေးဇူးတင်လျှက်
Admin+sandar
Back to top Go down
 

ချစ်သူဆီကရင်ခုံစရာ စာလေးတစ်စောင်

View previous topic View next topic Back to top 
Page 1 of 1

Permissions in this forum:You cannot reply to topics in this forum
လမင်းရဲ့အလင်းရောင် :: စာပေကဏ္ဍ :: ဟာသလေးများ-
Jump to:  


Free forum | © phpBB | Free forum support | Contact | Report an abuse | Forumotion